ISLAMIC FAITH
THERE IS NO GOD BUT ALLAH; MUHAMMED IS THE MESSENGER OF ALLAH ......................

 
sule_pagoda_and_mosque_yangon-rangoon_myanmar.jpg

 မြန်မာမွတ်စလင်မ် မီဒီယာကို သတင်းပေးပို့လိုလျင် myanmarmuslim.net@gmail.com  ကိုပေးပို့နိုင်ပါသည်။

Sunday 22 August 2010

ပါကစ္စတန်ရေဘေး အလှုတိုက်တွန်းချက်



 ယခုနှစ် ရမသွာန်လမှာ ရေဘေးကြောင့် တခြားမွတ်စလင်မ် ညီနောင်တွေနဲ့ အတူ ဆွီယာမ် မစောင့်နိုင်ကြရရှာတဲ့

ပါကစ္စတန်က ညီနောင်တွေအတွက် အကူအညီများ လက်လှမ်းမှီသလောက် ပို့ပေးကြဖို့ မြန်မာမွတ်စလင်မ် များကို

မြန်မာမွတ်စလင်မ် မီဒီယာမှ တိုက်တွန်းလိုက်ပါရစေ
-->
Read/Post Comment: 0 Sunday 22 August 2010 - 14:19:09 | email to someone printer friendly
Friday 03 September 2010
-->

ရ.ယ.က မှ သန်လျင် အစ္စလာမ်ဘာသာရေးကျောင်းကို မတရားပိတ်

  ရန်ကုန်တိုင်း သန်လျင်မြို့နယ် အောင်ချမ်းသာ (၁) ရပ်ကွက် သခင်ဖိုးလှကြီးလမ်း ခြံအမှတ် ၂၅ တွင်တည်ရှိသောအစ္စလာမ်ဘာသာဝင်တို့ကိုယ်ထူ
ကိုယ်ထဘာသာရေးသင်တန်းကျောင်းနှင့်ဘာသာရေးဝတ်ပြုဆောင်အားသြဂုတ်လ ၃၀ ရက်နေ့ နေ့လည် ၁နာရီ ၃၀ တွင် သန်လျင်မြို့နယ် (မ.ယ.က)
 အတွင်းအရေးမှူး ဦးဆောင်ပြီး နယ်မြေခံ  (ရ.ယ.က) များပါဝင်သော အဖွဲ့သည်အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ လာရောက် ပိတ်ပင်ခဲ့ကြောင်း
သိရပါသည်။
အဆိုပါ အောင်ချမ်းသာ ရပ်ကွက်တွင် မွတ်စလင်
Read the rest...
-->
Read/Post Comment: 0 Friday 03 September 2010 - 04:51:28 | email to someone printer friendly
Wednesday 18 August 2010
-->

နိုင်ငံတကာ ရမဒန် သတင်းမြင်ကွင်း


ယနေ့ကမ္ဘာကြီးတွင် အခြားသော ယဉ်ကျေးမှုများ၊ဘာသာတရာတို့၏ကျင့်စဉ်များ သည် ဂလိုဘယ်လိုင်ဇေရှငိး ၏ ခြိမ်းခြောက် မှုဒဏ်ကြောင့် ပြိုလဲလျော့ပါး နေသော်လည်း တစ်ခုတည်းသော  အစ္စလာမ် သာသနာ၏ ယဉ်ကျေးမှုသည် ခန့်ညားမားမတ်စွာ တည်တံ့နိုင်ခဲ့သည်။ မွတ်စလင်တို့သည် သမိုင်းတစ်လျှောက်တွင်  ကြီမားသည် စိန်ခေါ်များစွာကို ကုရ်အာန်နှင် စွန္နဟ်အတိုင်း ကျော်ဖြတ်နိုင်ခဲ့ကြသည့်နည်းတူ လူဦးရေ ၁.၅၇ ဘီလီယံရှိ ယနေ့ မွတ်စလင်တို့သည့် အစ္စလာမ်သွန်သင်ချက်များကို ယနေ့တိုင် စွဲစွဲမြဲမြဲကျင့်သုံးလျက်ရှိသည်ကို အထင်သား တွေ့မြင်နိုင်ပါသည်။ အစ္စလာမ် သာသနာတွင် မဖြစ်မနေ ကျင့်သုံးရသည့် မဏ္ဍိုင်ကြီး ၅ရပ်ရှိ ကို ပြဌါန်းထားရာ ရမဒန်လမြတ်တွင် ဥပုပ်စောင့်ထိန်းခြင်းသည်လည်း အပါဝင်ပါ ။ထို့ကြောင့် နှစ်စဉ်ရမဒန်လရောက်ရှိတိုင်းမပျက်မကွက် ဆွီယာမ် ဥပုပ် စောင့်ထိန်းလျက်ရှိသော ကမ္ဘာ့ နိုင်ငံအသီသီးရှိ မွတ်စလင်တို့  ၏ ရမဒန်သတင်းမြင်ကွင်း တင်ပြပေးလိုက်ပါသည်။
Read the rest...
-->
Read/Post Comment: 0 Wednesday 18 August 2010 - 14:22:25 | email to someone printer friendly
-->

အမေရိကန်ပေးအပ်မည့် စစ်ရေး အထောက်အပဲ ကို လက်ဘနွန်ငြင်းဆန်

  အစ္စရေးဆန့်ကျင်ရေးတွင် အသုံးမပြုရန် ဟူသော နှောင်ကြိုးဖြင့် အမေရိကန်မှပေးသော မည်သည့် စစ်ရေးအထောက်အပုံကိုမဆို လက်ဘနွန်မှ လက်မခံငြးင်းဆန်သွားမည်ဖြစ်ကြောင်း လက်ဘနွန်ကာကွယ်ရေး ၀န်ကြီး   က ပြောကြားလိုက်သည်။ လက်ဘနွန်ရှိ အီရန် ကျောထောက်နောက်ံပေးထားသောဟစ်ဇ်ဘိုလာ အုပ်စု မှ လက်ဘနွန်စစ်တပ်အပေါ် လွမ်းမိုးလာနေခြင်းကို အမေရိကန်မှ အထုးစိုးရိမ်လာခဲ့သဖြင့် လွန်ခဲ့သော ရတ္တပတ်အတွင်း လက်ဘနွန်သို့ စစ်ရေး အကူညီ ဒေါ်လာသန်း၁၀၀ဖိုး ထောက်ပံ့မည့် သတင်းထွက်ပေါ်လာပြီးနောက် လက်ဘနွန်ကာကွယ်ရေးဝန်ကြိးက ယခုကဲ့သို့ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။ ၄င်းက နှောင်ကြိုးမပါသော မည်သည့် အကူအညီကို မဆို ကြိုဆိုမှာဖြစ်ကြောင်း မိမိပိုင်နက် နယ်မြေ ၊ပြည်သူတို့အား အစ္စရေး၏ရန်မူခြင်းမှ ကာကွယ်ခွင့်မပေးသည့် ကန့်သတ်ချက်မျိုးနှင့် ပေးအပ်မည့် အကုအညီများကို အစ္စရေးထံသို့သာပေးအပ်သင့်ကြောင်း တုန်ပြန်ပြောဆိုခဲ့သည်။ မကြာသေးမိရက်ပိုင်းတွင်း အစ္စရေးလေယာဉ်များ လက်ဘနွန်ပိုင်နက်နယ်မြေအတွင်း ထိုးဖောက်ဝင်ရောက်မှု ၊ လက်ဘနွန်စစ်မဲနယ်မြေအတွင်း အစ္စရေးစစ်ဘက်မှ ပစ်ခတ်ခဲ့မှုများဖြစ်ပေါ်ခဲ့သည်။အမေ၇ိကန်က  ၂၀၀၆ခုနှစ်တွင် အမေ၇ိကန် ဒေါ်လာ ၇၂၀ဖိုးအပါအ၀င် ရုရှား၊ ယူအေအီ၊ ဆော်ဒီအာရေးဘီးယား၊ ပြင်သစ် ၊ စသောနိုင်ငံများ က လက်ဘနွန်စစ်တပ်သို့ စစ်ရေးအထောက်အပံများ ပေးအပ်ခဲ့သည်။
-->
Read/Post Comment: 0 Wednesday 18 August 2010 - 14:08:38 | email to someone printer friendly
Sunday 08 August 2010
-->

မြန်မာမွတ်စလင်များ နိုင်ငံအကျိုးသယ်ပိုးပုံ တစ်စေ့တစ်စောင်း

သင်္ကန်းကျွန်းမြို့နယ် အစ္စလာမ့် ယဉ်ကျေးမူနှင့် စာရိတ္တမြှင့်တင်ရေး ပို့ချမူအစီအစဉ်များ ၂၀၀၆ ခုနှစ် ၂၀၀၇ ခုနှစ်နှင့် အစ္စလာမ့်ရေးရာ အမေးအဖြေများ -၄ တွင် ဆရာ ငြိမ်းချမ်းလုလင်မှ မြန်မာမွတ်စလင်မ်အကြောင်းနှင့် မြန်မာမွတ်စလင်မ်များနိုင်ငံအကျိုး သယ်ပိုးခဲ့ကြပုံ တစ်စေ့တစ်စောင်းကို တက်ရောက်လာသူများအား ဟောပြောပို့ချနေပုံ

[/html]
-->
Read/Post Comment: 0 Sunday 08 August 2010 - 16:21:29 | email to someone printer friendly
Saturday 07 August 2010
-->

စိုးရိမ်ဖွယ်ရာကောင်းနေသော အမေရိကန်၏ နူကလီးယား စွန့်ပစ်မှုများ

-->
Read/Post Comment: 0 Saturday 07 August 2010 - 09:28:55 | email to someone printer friendly
-->

ဆော်ဒီအာရေးဗီးယားတွင် blackberry ပိတ်ပင်ခံရ

 ဆော်ဒီအာရေးဘီယားနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းက နာမည်ကျော် မိုဘိုင်းဖုန်ဝန်ဆောင်မှုဖြစ်သော balckberryကို သြဂုတ်လ ၆ရက် နေ့တွင်ပိတ်ပင်လိုက်ကြောင်းသိရသည်။ Saudi Telecom,Zain SaudiArabia,Mobilyတို့က blackberry ၀န်ဆောင်ပေးနေရာမှ ဆော်ဒီအာဏာပိုင်တို့က blackberrry၏ နည်းစနစ်များသည် လက်ရှိကာလ ၏နည်းပညာ နှင့် စပ်ဟပ်မှုမရှိဟု အကြောင်းပြပိတ်ပင်ခဲ့သည်။
သီခြားရရှိသော သတင်းအရင်အမြစ်များက လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုကြောင့် ပိတ်ပင်ခဲ့သည်ဟု ဖေါ်ပြထားသည်။
 ........
Read the rest...
-->
Read/Post Comment: 0 Saturday 07 August 2010 - 09:23:01 | email to someone printer friendly
-->

၉-၁၁ အထိမ်းမှတ်နေရာအနီး၌ အစ္စလာမ်လူမှုရိပ်သာ ဖွင့်လှစ်မည့်အစီစဉ်

 
၂၀၀၁စက်တင်ဘာ ၁၁ ရက်နေ့တွင် တိုက်ခိုက်ဖျက်ဆီးခံလိုက်ရသော ကမ္ဘာကုန်သွယ်ရေး အဆောက်အအုံနေရာအနီးတွင် အစ္စလာမ့်လူမှုရိပ်သာ ဆောင်လုပ်မည်အစီအစဉ်အား အပြင်းအထန် ကန့်ကွက်မှုများကြားကပင် အမေရိကန်အာဏာပိုင်တို့က ထောက်ခံသဘော တူလိုက်ကြောင်းသိရသည်။ ဗလီပါဝင်သော အစ္စလာမ့် လူမှုရိပ်သာအဖြစ်ပြောင်းလဲမည့် မန်ဟန်တန် အောက်ပိုင်းရှိ သတ်တမ်း ၁၅၂နှစ်ရှိသော အဆောက် အုံသည် နယူးယောက်မြို့ အထင်ကရ အဆောင်အုံ ဖြစ်နေသဖြင့် ကန့်ကွက်သူများ၏ အရေးဆိုတင်ပြချက် အပေါ်သမိုင်းဝင် အထင်ကရ အဆောက်အုံများ ထိန်းသိမ်းရေး ကော်မရှင်က သတ်မှတ်ချက်များနှင့် မကိုက်ညီ  ......


Read the rest...
-->
Read/Post Comment: 0 Saturday 07 August 2010 - 09:11:35 | email to someone printer friendly
-->

ဗီယက်နမ်-အမေရိကန်စစ်ပွဲ၏ အမေ့ခံ မြေဇာပင်များ

 

 မကြာသေးမီကာလအတွင်းက ဗီယက်နမ်နိုင်ငံဟနွိင်းတွင်ကျင်းပခဲ့သော အာဆီယံ အဖွဲ့ကြီး၏ ထပ်သီးအစည်း အဝေးပွဲသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကိုယ်တိုင် တက်ရောက်ခဲ့သည်.။ သူမက အာဆိယံအဖွဲ့ တွင် ဗီယက်နမ်၏ အခန်းကဏ္ဍ နှင့် ဗီယက်နမ် အမေ၇ိကန် ကန်ုသွယရေး တိုးတက်လာမှုတို့ ချီးကျူးစကား ဆိုခဲ့သည်။ဤသို့ ဟီလာရီ ကလင်တန် ၏ချီးကျူးသံများကိုမနောခွေ့ကြသူများ ရှိနေသော်လည်း အမေရိကန်တို့၏ ဓါတုအဆိပ်သင့်ခဲ့ရသူ ဗီယက်နမ် အမျိုးသာလေး ငုယင်ငေါ့ဖွန် အတွက်က တော့ သူမ၏စကားသံများသည် အနှစ်သာရမဲ့ ကိုးရိုးကားယား နိုင်လှသည်။ အသက် ၁၉နှစ်အရွယ်ရှိငေါ့ဖွန်ကို ဗီယက်နမ် အမေရိကန်စစ်ပွဲ အပြီး ကာလတွင်းမွေးဖွါးခဲ့သည်။ ၄င်းစစ်ပွဲ တရားဝင်ပြီးဆုံးခဲံ့သည်မှာ ယခုဆိုလျှင် ၃၅ ကျော်ပြီးဖြစ်သည် .......

Read the rest...
-->
Read/Post Comment: 0 Saturday 07 August 2010 - 09:02:03 | email to someone printer friendly
Wednesday 04 August 2010
-->

အမေရိကန်စစ်တပ် အာဖဂန်တွင် ကျူးလွန်သော ရာဇ၀တ်မှုသတင်းများ ပေါက်ကြား

Read the rest...
-->
Read/Post Comment: 0 Wednesday 04 August 2010 - 04:59:10 | email to someone printer friendly
Sunday 01 August 2010
-->

ကအ်ဗာဟ်ဝတ် အိမာမ်ရှေ့ဆောင် ၏ ဗြိတိန်ခရီး

 ကအ်ဗာဟ်ဝတ်ကျောင်းတော်၏ အထင်ကရအိမာမ်ရှေ့ဆောင်ဖြစ်သူ ရှိုခ် အဗ္ဗဒူလ် ရဟ်မာန် အလ် ဆုဒိုင်းစ် သည် ဗြိတိန်နိုင်ငံ သို့အလည်ပတ်ရောက်ရှိခဲ့သည်။ ရှိုခ် ဆိုဒိုင်းစ်သည် ဘလက်ဘမ် လန်ကတ်စ်ရှိုင်းယားတွင် ကာတာတော်ဝင်မိသားစု၏ လှုဒါန်းငွေဖြင့်ဆောက်လုပ်နေသော သောင်ဟီဒ်ဒွလ်အစ္စလာမ် ဗလီကြီးတွင် ဗြိတိန်မွတ်စလင်များအား ခွသ်ဗဟ် မိန်ခွန်းပြောကြားခဲ့သည်။ အစ္စလာမ်က လူသားအကျိုးစီးပွါးရဲ့ အကာကွယ်ပါ၊ ဆိုးမှုအထွေထွေကို ဟန့်တားပေးတဲ့ အဟန့်အတားပါ၊ လူမှုအဖွဲအစည်း အားလုးံကို ပေါင်းကုးပေမဲ့ တံတားတစ်စင်းပါ ယနေ့ကမ္ဘာကြီးက အစ္စလာမ်နဲ့ မွတ်စလင်တို့အပေါ်အထင်အမြင်လွဲမှားကာ ကြောက်ရွံနေ မသင့်ပါဘူး အစ္စလာမ်ဟာ   ငြိမ်းချမ်းရေး၊ စာနာဂရုဏာ နဲ့ သဘောထားကြီးမှုတွေ ကို ဆောင်ကြဉ်းလာတဲ့ သာသနာဖြစ်သာဖြစ်ပါတယ် ဟု
ပြောဆိုခဲ့ သည်။ ရှိုခ်ဆိုဒိုင်းစ်သည် အနောက်နိုင်ငံများတွင် လူနည်းစုအဖြစ်နေထိုင်ကြသည့် မွတ်စလင်မျာအား သူ၏ ခါသ်ဗာတွင်  အထူးတလည် အလေးထား ပြောကြားသွားသည်။အနောက်တိုင်းရှိ မွတ်စလင်တို့ဟာ နေထိုင်ရာ နိုင်ငံ ရဲ့ဥပဒေကို လေးစားလိုက်နာရပါမယ်  သင်တို့ ဟာ
 
Read the rest...
-->
Read/Post Comment: 0 Sunday 01 August 2010 - 04:16:31 | email to someone printer friendly
-->

မွတ်စလင်၏နိုင်ငံများ ကုလသမဂ္ဂကို ပြန်သုံးသပ်သင့်ပြီလော




 အမေရိကန်ပြည်ထောင်စုက နိုင်ငံပေါင်းချုပ်အသင်းကြီးကို ဖျက်သိမ်းလိုက်ပြီး နောက်မှာ  သမ္မတ ရုစဗဲ့ ဦးဆောင်ပြီး အမေရိကန်၊ ဆိုဗီယက်၊ဗြိတိန်၊တရုတ် ၊ တို့ပါဝင်တဲ့ ကုလသမဂ္ဂ အဖွဲ့ကို စစ်ပြီးခေတ် ကမ္ဘာငြိမ်ချမ်းရေးကို ထိန်းမတ်ဖို့ စီမံဖွဲ့စည်း ခဲ့ပါတယ်။ နောက်ပိုင်း ၀င်စတန်ချာချီရဲ့ အကြံပြုချက်အရ ပြင်သစ်နိုင်ငံကိုပါ ထည့်သွင်းခဲ့လို့ ကုလသမဂ္ဂမှာ ကြီးငါးကြီး ဖြစ်လာခဲ့ပါ တယ်။ အရေးကိစ္စတိုင်းကို ပယ်ချဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ဗီတို အာဏာပိုင် လုံခြုံရေး ကောင်စီကို အဆိုပါ ၅နိုင်ငံနဲ့ ပါဝင် ဖွဲ့စည်းခဲ့ပါတယ်။ ကျန်ရှိတဲ့ ၁၈၄နိုင်ငံကတော့ အထွေထွေ ညီလာခံတွင် အင်အားပြအဖြစ်သာ ပါဝင်ကြတာပါ။

တကယ်တမ်းအနီးကပ်ကြည့်လေ့လာမယ်ဆိုရင်တော့ တချက်လွတ်ဗီတိုအာဏာကို ရယူထားကြတဲ့ လုံခြုံရေးကောင်စီဟာ  ဒီမိုကရေစီ မဆန် အာဏာရှင်ဆန် နေပါတယ်။ အဆိုပါ လုံခြုံရေး ကောင်စီဝင် ဗီတိုတချက်လွတ် နိုင်ငံကြီးတွေရဲ့ အခြား နိုင်ငံတွေအပေါ် ဆက်ဆံပြုမူပုံတွေ ကို လေ့လာကြည့်မယ်ဆိုရင် ရုရှားနိုင်ငံက ဂျော်ဂျီယာ ၊ အဇာဘိုင်ဂျန် ၊ တာရ်ကရှ်လုမျိုးတွေ ကို အကြင်နာမဲ့မဲ့နဲ့ ဖိနှိပ်အုပ်ချုပ်ခဲ့သလို  တရုတ်နိုင်ငံကလည်း တိဗတ်၊ ဇီကျန်း၊ မွန်ဂိုလီးယား ၊မန်ချုးရီးယား ထိုင်ဝမ်တို့အပေါ် သိမ်းပိုက်ခဲ့ပြီး သူရဲ့ပြည်နယ်များအဖြစ် ဗြောင်ကျကျ သတ်မှတ်ပြခဲ့ပါတယ်။

လုံခြုံရေးကောင်စီဝင် အင်အားကြီးနိုင်ငံ ပြင်သစ်ကလည်း သူရဲ့ကိုလိုနီ ကျွန်ပြုရာ နယ်မြေတွေရှိပြည်သူတွေကို သွေးစုပ်...........


Read the rest...
-->
Read/Post Comment: 0 Sunday 01 August 2010 - 03:28:31 | email to someone printer friendly
Tuesday 27 July 2010
-->

မွတ်စလင် ၂.၅သန်းက facebook အားသတိပေး


Facebook သုံးစွဲနေကြသော ၂.၅သန်းသောမွတ်စလင်များသည် facebook၏ ပိတ်ပင် ခံလိုက်ရသော အစ္စလာမ်စာမျက်နှာ၎ခုအား ပြန်လည်ဖွင့်ပေးရန် ထိုသို့လိုက်လျောပေးခြင်းမရှိပါက ၂.၅သန်းရှိ မွတ်စလင်များက facebookမှ နှုတ်ထွက်မည်ဟု သတိပေးစာတွင်သတိပေး လိုက်ကြောင်းသိရသည်။

facebook အားထူထောင်သူနှင့် အခြားအကြီးတန်း တာဝန်ရှိသူများသည် မွတ်စလင်သုံးစွဲသူ ၂.၅သန်း၏ ခံစားချက်ကို လျစ်လျူရှုခဲ့ကြောင်း facebookအားစွပ်စွဲထားသည်။

facebook ရှိမွတ်စလင်အသိုင်းအ၀ိုင်းသည် လေးခုထက်မနည်းသော အစ္စလာမ့်စာမျက်နှာများဖယ်ရှားခံလိုက်ပြီးနောက် ယင်းစာမျက်နှာများအား ပြန်ဖွင်ပေးရန်၊ အစ္စလာမ်ဆန့်ကျင်ရေး အပြုအမူများပိတ်ပင်သည့်စည်းကမ်းချက်အသစ် များထုတ်ပြန်ပေးရန်facebook အားတောင်းဆိုခဲခြင်းဖြစ်သည်။

….. 'ကမ္ဘာအကောင်းဆုံး ဆက်သွယ်ရေးစနစ်များပိုင်ဆိုင်ထားသောလည်း ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များ နှင့် အသင်တို့အကြား ကြီမားကျယ်ပြန့်သည့် အမုန်းတရားဖန်တီရေးတွင်သာ အောင်မြင်နေကြောင်း ယခုကဲသို့ အတိမ်းအစောင်းမခံသည့် အခြေနေများကြောင့် ပြင်ဆင်ဖားထေးရန်မလွယ်သည့် ဂုဏ်သတင်းထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ၄င်းသတိပေး မတ်ဆေ့တွင်  ဖေါ်ပြထားသည်။

လွန်ခဲ့သော လအတွင်းကလည်း တမန်တော် မိုဟမ္မဒ် (ဆွ)အား ကာတွန်းရုပ်ပြောင် ရေးဆွဲပြိုင်ပွဲတစ်ရပ် ကို facebookပေါ်တွင်ပြုလုပ်ခဲ့ရာ ကမ္ဘာနှင့်အ၀ှမ်းဆန့်ကျင်ကန့်ကွတ်မှုများဖြစ်ပေါ်ခဲ့သည်။သိုသော် facebookသည် ယင်းစာမျက်နှာအပါဝင် အစ္စလမ်ာဆန့်ကျင်ရေးစာမျက်နှာများအား တားဆီးပိတ်ပင်ရေးတွင် နှောက်နှေးနေခဲ့သည်။

-->
Read/Post Comment: 0 Tuesday 27 July 2010 - 15:39:13 | email to someone printer friendly
Saturday 17 July 2010
-->

ပြည်တွင်းတွင် မွတ်စလင်မ်များ ပိုမိုခွဲခြားဆက်ဆံခြင်းခံရ


မြန်မာနိုင်ငံသား မွတ်စလင်မ် လူငယ်အများအကြား အလုပ်ကိုင်ရရှိရန်မှာ ယခုအချိန်တွင် စိန်ခေါ်မှုများမှာ ယခင်က ထပ်ပိုမိုကြုံတွေနေရပြီ ဖြစ်ကြောင်းသိရပါတယ်။ ယခင် ရှေးမြန်မာဘုရင်များမှ လက်ထက်မှ အင်္ဂလိပ်ခေတ်၊ ဖဆပလခေတ်၊ မဆလခေတ်တိုင်အောင် နယ်ပယ်အသီးသီးတွင် တိုင်းရင်းသားမွတ်စလင်များအနေဖြင့် အစိုးရဌာန၊ အရပ်ဖက်လုပ်ငန်းအသီးသီးတွင် ရာထူးကြီးကြီးမှာ အဆင့်မှီစွာ တာဝန်ထမ်းဆောင်နိုင်ခဲ့ကြောင်းကို လေ့လာတွေ့ရှိရပါတယ်။

ယခု စစ်အစိုးရလက်ထက်မှ စတင်ပြီ ဘာသာခြား၊ လူမျိုးခြားများကို တပ်မတော်နှင့် ဌာနဆိုင်ရာအသီးသီးတွင် အဆင့်မြင့်ရာထူးများ တာဝန်မယူနိုင်အောင် ဘက်ပေါင်းစုံမှ ကန့်သတ်မှုများ ပြုလုပ်လာပါတယ်။
ယခုအခါ အပြင်ကုမ္ပဏီများတွင်လဲ အစ္စလာမ်ဘာသာဝင်များအတွက်

Read the rest...
-->
Read/Post Comment: 0 Saturday 17 July 2010 - 08:29:09 | email to someone printer friendly
-->

ဘင်လာဒင် အကြောင့်ရိုက်ကုးထားသည် ရုပ်ရှင် ဇတ်မြူး မကြာခင်ကြည်ရတော့မည်

အလ်ကိုင်ဒါခေါင်ဆောင် အိုစမာဘင်လာဒင်အားသရုပ်ဖေါ်ထားသော  Tere Bin ladin အမည်ရ ဇတ်မြူး ရုပ်ရှင်ဇတ်ကားကို ဘောလီးဝုဒ်မှရိုက်ကူးထုတ်လုပ်လိုက်သည်။ ယင်းဇတ်ကားတွင် အိုစာမဘင်လာဒင်နှင့် ရုပ်ချင်ဆင်တူသူ လူငယ်ရုပ်သံ မီဒီယာသမား တစ်ဦး မမျှော်လင့်ပဲ ကျော်ကြားသွားပုံကို ဟာသဆန်ဆန် တင်ပြထားသည်။ အမေ၇ိကန်နိုင်ငံ ၀င်ခွ့င်ဗီဇာ အကြိမ်ကြိမ် ပယ်ချခံထားရပြီးနောက် ဘင်လာဒင်နှင့် ဆင်တူနေသောမျက်နှာပုံ ကို အသုံးချကာအမေရိကန်နိုင်ငံထဲ့ ၀င်ရောက်ရန်ကြိုးပမ်းသည့် လူငယ်မီဒီယာ သမား ဇတ်ကောင်နေရာတွင် ပါကစ္စတန် ပေါ့မင်သား အလီဇဖရ်က သရုပ်ဆောင်ထားသည်။

လူအမြောက်အမြားအပေါ်ရိုက်ခတ်ခဲ့တဲ့ ၉-၁၁ဖြစ်ရပ်ကို ဒီဇတ်ကးမှာဆန်းသစ်တဲ့ပုံးစံနဲ့တင်ပြရိုက်ထားပါတယ်..ရိုက်ကူဖြစ်ရတဲ့ အကြောင်းက ဘင်လာဒင်နဲ့ရုပ်ဆင်တဲ့ လူငယ်တစ်ဦးကိုမမျှော်လင့်ပဲတွေ့ဆုံခဲရာက ရိုက်ကူးဖို့စိတ်ကူးရခဲ့တာပါ ............

Read the rest...
-->
Read/Post Comment: 0 Saturday 17 July 2010 - 06:14:44 | email to someone printer friendly
-->

အင်တာနက်မှ Anwaw Al Awlakiအားဆက်သွယ်သူ စင်ကာပူလူငယ်အားဖမ်းဆီး


အသက်နှစ်ဆယ်အရွယ် စင်ကာပူနိုင်ငံသား လူငယ်တစ်ဦးကို အစွန်းရောက်ဝါဒ လှုံဆော်သူဟုစွပ်စွဲခံထားရသူ ယီမင်အခြေစိုက် အမေရိကန်ဖွါးဘာသာရေးဆရာ Anwaw Al Awlaki နှင့် အင်တာနက်တွင် ဆက်သွယ်မှုဖြင့် စင်ကာပူ တပ်ဖွဲ့ကဇူလိုင်၆ရက်နေ့တွင်ဖမ်းဆီးလိုက် သည်။ အဖမ်ဆီခံလိုက်ရသူသည် အာဖဂန်တွင် တိုက်ပွဲဝင်ရန် ဖိတ်ခေါ်ခဲ့သည့် အလ်ကိုင်ဒါအဖွဲ့ဝင်တစ်ဦးနှင့် အင်တာနက်ပေါ်တွင် ဆက်သွယ်လုပ်ခဲ့ကြောင်း စင်ကာပူပြည်ထဲရေးဝန်ကြီးဌါနက ထုတ်ပြန်သည်။
Read the rest...
-->
Read/Post Comment: 0 Saturday 17 July 2010 - 04:05:33 | email to someone printer friendly
-->

ကုရ်အာန် အာဂုံရ သော ကြက်တူရွေးများ ဆော်ဒီတွင် ဈေးကောင်းရနေ

ကုရ်အာန်ကျမ်းမြတ်ဖတ်ရွတ်တတ်ပြီး  ဆွလာသ် ၀တ်ပြုတတ်သောကြက်တူရွေးများ သည် ကမ္ဘာရေနံသူဌေးတိုင်းပြည် ဆော်ဒီအာရေးဘီယားတွင် ဈေးကွက်ဝင်ကာ တန်ဖိုးမြင့်မားလျက် ရှိလာနေသည်။

ကြက်တူရွေးပိုင်ရှင်တစ်ဦးဖြစ်သူ Abd al Rahman al Arwan က “တကယ်တော့ ဒီကြက်တူုရွေးတွေကို

 
Read the rest...
-->
Read/Post Comment: 0 Saturday 17 July 2010 - 03:16:07 | email to someone printer friendly
Saturday 10 July 2010
-->

မြန်မာမွတ်စလင်မ် စာရေးဆရာနှင့် ဓမ္မကထိကများ စင်္ကာပူနိုင်ငံတွင် စကားဝိုင

စင်္ကာပူနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေကြသော မြန်မာ မွတ်စလင်မ်စာရေးဆရာနှင့် ဓမ္မကထိကများအားစုစည်း၍ စင်္ကာပူရောက်မြန်မာမွတ်စလင်မ် အသိုင်းအ၀ိုင်းအတွက်  မြန်မာမွတ်စလင်မ်ကလပ် စင်္ကာပူမှ ကြီးမူးပြီး စကားဝိုင်းများကို  ဇွန်လ ၂၇ ရက်နေ့ နှင့် ဇူလိုင်လ ၄ရက်နေ့များတွင် Singapore Convert Association Darul Arqam တွင် တစ်ကြိမ် Eunos တွင်တစ်ကြိမ် ကျင်းပပေးခဲ့ကြောင်းသတင်းရရှိပါသည်။

အဆိုပါစကားဝိုင်းများတွင်စင်္ကာပူမြန်မာမွတ်စလင်ကလပ်မှ ပင်တိုင်ဓမ္မကထိကဖြစ်သော ဆရာ ဂျမားဦးစိုးသိန်းမှ သဘာပတိအဖြစ်ဆောင်ရွက်ပေးခဲ့ပြီး   မြန်မာနိုင်ငံမှ  ဓမ္မကထိကများ ဖြစ်ကြသော ဆရာ ဂျာဝိဒ်သန်း၊ ဆရာ ၀ါးခယ်မမောင်မင်းနိုင် နှင့် ဆရာ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်) တို့မှ ပါဝင်ဆွေးနွေးပေးခဲ့ပါသည်။
အဆိုပါစကားဝိုင်းများ သို့ စင်္ကာပူရောက် မြန်မာမွတ်စလင်မ် ၁၅၀ ခန့်လာရောက်ကြားနာခဲ့ကြောင်း လည်းသိရှိရပါသည်။

 
mmc_logo.jpg.png



ဓါတ်ပုံများကို မြန်မာမွတ်စလင်မ်ကလပ် စင်္ကာပူ ၀က်ဆိုက်မှ ကူးယူဖေါ်ပြပါသည်
-->
Read/Post Comment: 0 Saturday 10 July 2010 - 19:42:35 | email to someone printer friendly
-->

ကျုးကျော်ရေးတပ်ဖွဲ့များအားအကူညီထောက်ပံခြင်းမပြုရ

အမေရိကန်မွတ်စလင် ဥပဒေပညာရှင်များအစည်းအရုံး AMJA က မွတ်စလင် နိုင်ငံများအပေါ် ကျူးကျော်သိမ်းပိုက်ထားသည့် နိုင်ငံခြား တပ်ဖွဲ့များနှင့် စီးပွါးရေး အရ၄င်း ပုဂ္ဂိုလ်ရေးအရ ၄င်း ဆက်စပ်ပတ်သက်ခြင်းမှတားမြစ်သည့် ဖသ်ဝါဓမ္မသတ် တစ်စောင် ထုတ်ပြန်လိုက်ကြောင်းသိရသည်။

 ရှိုခ်ဆာလာအလ် ဆ၀ီဦးဆောင်သော အဆိုပါ အစည်းအရုံးသည် အမေရိကန်မွတ်စလင် များ နေစဉ်ကြုံတွေ၇သောလူမှုဘ၀ ဆိုင်ရာ မေးခွန်းများကို ဓမ္မသတ်ထုတ် ဖြေကြားပေးလျက်ရှိရာ အာဖဂန်နစ္စတန်တွင် ၀င်ရောက် သိမ်းပိုက်ထားသည့် အမေရိကန်တပ်ဖွဲ့၏ ထောက်ပံ့ရေး ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခွင့်သည် အစ္စလာမ် တရားတော်အရ မည်သို့ရှိသည်ကို မေးခွန်းအား ယင်းသို့ဖြေကြားခဲံခြင်းဖြစ်သည်။

ကျုးကျော်ရေးတပ်ဖွဲ့များအားထောက်ပံ့ကူညီအားပေးခြင်းသည် အစ္စလာမ်ရှရီအဟ်အရ ...

 
Read the rest...
-->
Read/Post Comment: 0 Saturday 10 July 2010 - 17:57:00 | email to someone printer friendly
-->

အခမဲ့သင်ယူ နိုင်သော အစ္စလာမ့် အွန်လိုင်းတက္ကသိုလ် ဖွင့်လှစ်

 
 
ပုခတ်တွင်းမှ သင်ချိုင်းထိတိုင်းပညာ ရှာဖွေဆည်းဖူးကြလော့’ ဆိုသည့် မဟာ တမန်တော် မြတ်သြ၀ါဒတော်မွန်ကို မွတ်စလင်များလွယ်လင့်တကူ အကောင်ထည် ဖေါ်နိုင်ရန်အတွက် ကမာ့္ဘပထမဆုံး အခမဲ့ အစ္စလာမ့် အွန်လိုင်း တက္ကသိုလ်ကို ဂျာမေကား အစွလာမ့် ပညာရှင် ဒေါက်တာ ဘီလားလ် ဖီးလစ်က တည်ထောင် လိုက်ပါပြီ။

အဆိုပါ အွန်လိုင်း တက္ကသိုလ် တွင် မဒီနာအစ္စလာမ့်တက္ကသိုလ် ၏ သင်ရိုးအတိုင်း အင်္ဂလိပ်ဘာသာဖြင့် သုံးနှစ်ကြာ ဆည်းပူးသင်ယူပြီး BA( Islamic studies ) ဘွဲ့ ကိုရယူနိုင်သည်။ ၂၀၀ရခုနှစ် မှစတင်ပြီး ဒေါက်တာဘီလာလ် ဖီးလစ်၏ ကာလတို သင်တန်းများကို ကမ္ဘာတစ်ဝှမ်းကမွတ်စလင် ၂၀၀၀၀ကျော်လေ့လာ သင်ယူ နိုင်ခဲ့ကြပြီးနောက် ယခုနှစ် ဧပြီလတွင် အခမဲ့ အွန်လိုင်းအစ္စလာမ် တက္ကသိုလ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

၃နှစ်သင်ကြားရမည့် BA ဘွဲ့သင်တန်းတွင် semester ၆ခုပါဝင် ပြီး semester တစ်ခုကာလမှာ ၅လကြာမြင့်မည် ဖြစ်သည်။ တက်ရောက်သင်ကြား သူ၏နိုင်ငံ အပေါ်မူတည်ပြိး အမေရိကန်ဒေါ်လာ ၁၀ မှ ၅၀ အထိသာ စာမေးပွဲကြေး နှင့် မှတ်ပုံတင်ကြေးကို ပေးဆောင်ရမည်ဖြစ်သည်။ အသေးစိတ် သိလိုပါက islamiconlineuniversity.com  တွင် ၀င်ရောက် လေ့လာနိုင်ပါသည်။

-->
Read/Post Comment: 0 Saturday 10 July 2010 - 17:25:18 | email to someone printer friendly
Go to page       >>  
မြန်မာမွတ်စလင်မ် မီဒီယာ MMM
Both sides of flotilla story Webmaster @ (06 Jun : 05:17) (Ummah News)
Myanmar Muslim Net
Theme created by Free-Source.net